အရင်ခေတ်က လူကြမ်းသရုပ်ဆောင်တွေအတွက် အသက်အာမခံချက် လုံးဝမရှိခဲ့ဖူးဆိုတဲ့ မင်းမင်း
တစ်ခေတ်တစ်ခါက အက်ရှင်ဇာတ်ကားတွေရဲ့ မင်းသားနဲ့ ဖိုက်တင်အပြန်အလှန်ချရတဲ့ ဇာတ်ဝင်ခန်းတွေမှာ အမြဲလိုလိုတွေ့ရတတ်တာကတော့ လူကြမ်းသရုပ်ဆောင်တွေပဲ ဖြစ်ပါတယ်။ သူတို့ကတော့ အနုပညာကြေးများများစားစားမရပေမယ့် ဖိုက်တင်ထိုးနေရပြီး အနုပညာလုပ်ငန်းတွေကို လုပ်နေရရင် ပျော်နေကြသူတွေထဲမှာ လူကြမ်းသရုပ်ဆောင်တစ်ဦးဖြစ်တဲ့ မင်းမင်း လဲ အပါအဝင်ပဲ ဖြစ်ပါတယ်။ သူ့ရဲ့သင်ဆရာမြင်ဆရာကတော့ ဖခင်ဖြစ်တဲ့ လူကြမ်းသရုပ်ဆောင်ကြီး စ/မ မြင့်သိန်း ဖြစ်ပါတယ်။ ဒါကြောင့်လဲ ငယ်စဥ်ကတည်းက အက်ရှင်ကားတွေကို ရူးသွပ်ခဲ့ပြီး ဖိုက်တင်ချရတာကိုလဲ ကြိုက်နှစ်သက်ခဲ့တာပါ။ ၁၃နှစ် ၁၄ နှစ်အရွယ်မှာ ဖခင် accident ဖြစ်ပြီးအလုပ်မလုပ်နိုင်တော့တာကြောင့် အိမ်ရဲ့စားဝတ်နေရေးတာဝန်ကို အရွယ်နဲ့မမျှ ကြုံရာအလုပ်တွေ လုပ်ခဲ့ပြီး ရတဲ့ပိုက်ဆံတွေကိုအိမ်ကိုထောက်ပံ့ခဲ့တယ်။… Read More အရင်ခေတ်က လူကြမ်းသရုပ်ဆောင်တွေအတွက် အသက်အာမခံချက် လုံးဝမရှိခဲ့ဖူးဆိုတဲ့ မင်းမင်း