ပရိသတ်ကြီးရေ ဒီကနေ့မှာတော့ အရမ်းကိုဂုဏ်ယူလေးစားဖို့ကောင်းတဲ့ မြန်မာနိုင်ငံသူ ကယန်းတိုင်းရင်းသူတစ်ဦးဖြစ်တဲ့ ဘရော်နီကာ-Vero Nika အကြောင်းကို တင်ဆက်ပေးချင်ပါတယ်။ ဘရော်နီကာ ဟာ ထိုင်းနိုင်ငံမှာ ကြေးစား မွေထိုင်း ၊ Muay Thai လက်ဝှေ့ကစားသမား တစ်ယောက်အဖြစ် Thai Fight လက်ဝှေ့ပြိုင်ပွဲတွေမှာ ဝင်ရောက်ယှဉ်ပြိုင် ကစားနေတာ ဖြစ်ပါတယ်။ သူမ ကတော့ မွေထိုင်း ကို ကြိုးစားလေ့ကျင့်ခဲ့ပြီးနောက် ထိုင်းနိုင်ငံမှာ စပွန်ဆာတွေ ရရှိခဲ့ပါတယ်။
အားကစားလောကကို Boxing အားကစားနဲ့ စတင်ဝင်ရောက်လာခဲ့ပြီး 2015 Sea Game မှာ လဲ ဝင်ရောက်ယျဥ်ပြိုင်ခဲ့ပါတယ်။ အဲ့ဒီနောက်ပိုင်းမှာ မိသားစုစားဝတ်နေရေးခက်ခဲ့တဲ့အပြင် ရိုးရာလက်ဝှေ့ကို စိတ်ဝင်စားခဲ့တာကြောင့် Boxing ဆက်လက်မထိုးတော့ပဲ လက်ဝှေ့ကိုပဲ ပြောင်းလဲလေ့ကျင့်ခဲ့တယ်။ မြန်မာနိုင်ငံမှာ ကိုဗစ်ရောဂါတွေနဲ့ နိုင်ငံရေးအခြေအနေတွေကြောင့် ရိုးရာလက်ဝှေ့ ဆက်လက်မထိုးတော့ဘဲ ထိုင်းနိုင်ငံကို အသိတစ်ယောက်အကူအညီနဲ့ ရောက်ရှိခဲ့ပြီး မွေထိုင်းလက်ဝှေ့ကို ပြောင်းလဲလေ့ကျင့်ခဲ့တယ်။ ရိုးရာလက်ဝှေ့နဲ့ မွေထိုင်း ကွာခြားချက်ကတော့ ရိုးရာလက်ဝှေ့က ခေါင်းပါတယ်၊မွေထိုင်းက မပါဘူး အဲ့ဒါကြောင့် အခက်အခဲတွေ အများကြီးရှိခဲ့ပါတယ်။ ဘရော်နီကာ ဟာ ထိုင်းနိုင်ငံမှာ မွေထိုင်းခါးပတ်ကိုရအောင်ယူဖို့ ကြိုးစားနေပြီး နောက်ပိုင်းမှာ MMA ဘက်ကိုကူးပြောင်းဖို့ အစီအစဥ်ရှိပါတယ်။ ထိုင်းတွေကလူမျိုးခွဲခြားတယ်လို့ ကြားဖူးခဲ့ပေမယ့် ဘရော်နီကာ အပေါ်မှာတော့ အားလုံးကောင်းကြတာကြောင့် ကံကောင်းပါတယ်။
ထိုင်းနိုင်ငံကို ရောက်ရှိနေပေမယ့် ဒုက္ခရောက်နေတဲ့ မြန်မာလူမျိုးတွေ သေကျေနေတာကို တွေ့ရတာ စိတ်မကောင်းဖြစ်နေတဲ့အကြောင်း“ဒုက္ခရောက်နေကြတဲ့ ကျနော့် လူမျိုးတွေ နဲ့ ကျနော့် နိုင်ငံကို ဖြစ်နိုင်ရင် အကုန် ပံ့ပိုးပေးချင်တယ်။ ဒါပေမယ့် အဲ့လို ခွန်အားတွေ ကျနော့်မှာ မရှိသေးဘူး။ ငါလုပ်ရမယ်၊ ငါ ရှင်သန်ရမယ် ဆိုတဲ့ စိတ်နဲ့ ကိုယ့်ကိုယ်ကို အားပေးပြီး ကြိုးစားနေပါတယ်” လို့ အင်တာဗျူးမှာ ပြောပြထားပါတယ်။ ဘရော်နီကာ ဟာ Thai Fightမှာ ထိုးနေတာ ရှုံးပွဲမရှိပါသေးဖူးနော်။ သူမကတော့ အောင်ပွဲရတိုင်း ကယန်းအလံကိုပဲ အမြဲလွှင့်တင်ပြီး အောင်ပွဲခံခဲ့ပါတယ်။
ဒုကၡေရာက္ေနတဲ့ ျမန္မာႏိုင္ငံကိုပံ့ပိုးေပးခ်င္လို႔ အေကာင္းဆုံးႀကိဳးစားေနတဲ့ ကယန္းလက္ေဝွ႔မယ္ ဘေရာ္နီကာ (Vero Nika )
ပရိသတ္ႀကီးေရ ဒီကေန႔မွာေတာ့ အရမ္းကိုဂုဏ္ယူေလးစားဖို႔ေကာင္းတဲ့ ျမန္မာႏိုင္ငံသူ ကယန္းတိုင္းရင္းသူတစ္ဦးျဖစ္တဲ့ ဘေရာ္နီကာ-Vero Nika အေၾကာင္းကို တင္ဆက္ေပးခ်င္ပါတယ္။ ဘေရာ္နီကာ ဟာ ထိုင္းႏိုင္ငံမွာ ေၾကးစား ေမြထိုင္း ၊ Muay Thai လက္ေဝွ႔ကစားသမား တစ္ေယာက္အျဖစ္ Thai Fight လက္ေဝွ႔ၿပိဳင္ပြဲေတြမွာ ဝင္ေရာက္ယွဥ္ၿပိဳင္ ကစားေနတာ ျဖစ္ပါတယ္။ သူမ ကေတာ့ ေမြထိုင္း ကို ႀကိဳးစားေလ့က်င့္ခဲ့ၿပီးေနာက္ ထိုင္းႏိုင္ငံမွာ စပြန္ဆာေတြ ရရွိခဲ့ပါတယ္။
အားကစားေလာကကို Boxing အားကစားနဲ႔ စတင္ဝင္ေရာက္လာခဲ့ၿပီး 2015 Sea Game မွာ လဲ ဝင္ေရာက္ယ်ဥ္ၿပိဳင္ခဲ့ပါတယ္။ အဲ့ဒီေနာက္ပိုင္းမွာ မိသားစုစားဝတ္ေနေရးခက္ခဲ့တဲ့အျပင္ ႐ိုးရာလက္ေဝွ႔ကို စိတ္ဝင္စားခဲ့တာေၾကာင့္ Boxing ဆက္လက္မထိုးေတာ့ပဲ လက္ေဝွ႔ကိုပဲ ေျပာင္းလဲေလ့က်င့္ခဲ့တယ္။ ျမန္မာႏိုင္ငံမွာ ကိုဗစ္ေရာဂါေတြနဲ႔ ႏိုင္ငံေရးအေျခအေနေတြေၾကာင့္ ႐ိုးရာလက္ေဝွ႔ ဆက္လက္မထိုးေတာ့ဘဲ ထိုင္းႏိုင္ငံကို အသိတစ္ေယာက္အကူအညီနဲ႔ ေရာက္ရွိခဲ့ၿပီး ေမြထိုင္းလက္ေဝွ႔ကို ေျပာင္းလဲေလ့က်င့္ခဲ့တယ္။ ႐ိုးရာလက္ေဝွ႔နဲ႔ ေမြထိုင္း ကြာျခားခ်က္ကေတာ့ ႐ိုးရာလက္ေဝွ႔က ေခါင္းပါတယ္၊ေမြထိုင္းက မပါဘူး အဲ့ဒါေၾကာင့္ အခက္အခဲေတြ အမ်ားႀကီးရွိခဲ့ပါတယ္။ ဘေရာ္နီကာ ဟာ ထိုင္းႏိုင္ငံမွာ ေမြထိုင္းခါးပတ္ကိုရေအာင္ယူဖို႔ ႀကိဳးစားေနၿပီး ေနာက္ပိုင္းမွာ MMA ဘက္ကိုကူးေျပာင္းဖို႔ အစီအစဥ္ရွိပါတယ္။ ထိုင္းေတြကလူမ်ိဳးခြဲျခားတယ္လို႔ ၾကားဖူးခဲ့ေပမယ့္ ဘေရာ္နီကာ အေပၚမွာေတာ့ အားလုံးေကာင္းၾကတာေၾကာင့္ ကံေကာင္းပါတယ္။
ထိုင္းႏိုင္ငံကို ေရာက္ရွိေနေပမယ့္ ဒုကၡေရာက္ေနတဲ့ ျမန္မာလူမ်ိဳးေတြ ေသေက်ေနတာကို ေတြ႕ရတာ စိတ္မေကာင္းျဖစ္ေနတဲ့အေၾကာင္း“ဒုကၡေရာက္ေနၾကတဲ့ က်ေနာ့္ လူမ်ိဳးေတြ နဲ႔ က်ေနာ့္ ႏိုင္ငံကို ျဖစ္ႏိုင္ရင္ အကုန္ ပံ့ပိုးေပးခ်င္တယ္။ ဒါေပမယ့္ အဲ့လို ခြန္အားေတြ က်ေနာ့္မွာ မရွိေသးဘူး။ ငါလုပ္ရမယ္၊ ငါ ရွင္သန္ရမယ္ ဆိုတဲ့ စိတ္နဲ႔ ကိုယ့္ကိုယ္ကို အားေပးၿပီး ႀကိဳးစားေနပါတယ္” လို႔ အင္တာဗ်ဴးမွာ ေျပာျပထားပါတယ္။ ဘေရာ္နီကာ ဟာ Thai Fightမွာ ထိုးေနတာ ရႈံးပြဲမရွိပါေသးဖူးေနာ္။ သူမကေတာ့ ေအာင္ပြဲရတိုင္း ကယန္းအလံကိုပဲ အၿမဲလႊင့္တင္ၿပီး ေအာင္ပြဲခံခဲ့ပါတယ္။