အနုပညာ

အရင်ခေတ်က လူကြမ်းသရုပ်ဆောင်တွေအတွက် အသက်အာမခံချက် လုံးဝမရှိခဲ့ဖူးဆိုတဲ့ မင်းမင်း

တစ်ခေတ်တစ်ခါက အက်ရှင်ဇာတ်ကားတွေရဲ့ မင်းသားနဲ့ ဖိုက်တင်အပြန်အလှန်ချရတဲ့ ဇာတ်ဝင်ခန်းတွေမှာ အမြဲလိုလိုတွေ့ရတတ်တာကတော့ လူကြမ်းသရုပ်ဆောင်တွေပဲ ဖြစ်ပါတယ်။ သူတို့ကတော့ အနုပညာကြေးများများစားစားမရပေမယ့် ဖိုက်တင်ထိုးနေရပြီး အနုပညာလုပ်ငန်းတွေကို လုပ်နေရရင် ပျော်နေကြသူတွေထဲမှာ လူကြမ်းသရုပ်ဆောင်တစ်ဦးဖြစ်တဲ့ မင်းမင်း လဲ အပါအဝင်ပဲ ဖြစ်ပါတယ်။ သူ့ရဲ့သင်ဆရာမြင်ဆရာကတော့ ဖခင်ဖြစ်တဲ့ လူကြမ်းသရုပ်ဆောင်ကြီး စ/မ မြင့်သိန်း ဖြစ်ပါတယ်။ ဒါကြောင့်လဲ ငယ်စဥ်ကတည်းက အက်ရှင်ကားတွေကို ရူးသွပ်ခဲ့ပြီး ဖိုက်တင်ချရတာကိုလဲ ကြိုက်နှစ်သက်ခဲ့တာပါ။ ၁၃နှစ် ၁၄ နှစ်အရွယ်မှာ ဖခင် accident ဖြစ်ပြီးအလုပ်မလုပ်နိုင်တော့တာကြောင့် အိမ်ရဲ့စားဝတ်နေရေးတာဝန်ကို အရွယ်နဲ့မမျှ ကြုံရာအလုပ်တွေ လုပ်ခဲ့ပြီး ရတဲ့ပိုက်ဆံတွေကိုအိမ်ကိုထောက်ပံ့ခဲ့တယ်။

သရုပ်ဆောင် မင်းမင်း ဟာ ကျောင်းထွက်ခဲ့ပြီး ဖခင်အကူအညီနဲ့ အနုပညာလောကထဲ ဝင်ရောက်ခဲ့တယ်။ ကိုလွင်မိုး ရဲ့ဇာတ်ကားထဲမှာ ပထမဆုံးလူကြမ်းအနေနဲ့ စရိုက်ခဲ့တယ်။ အရင်ခေတ်က လူကြမ်းတွေအတွက် မြေကြီးက မှို့ယာပဲ အောက်ခံတွေဘာတွေမရှိပါဘူး၊လဲကျတာတဘုံးဘုံးပဲ၊ပေးဆပ်ခဲ့တာအများကြီးပါပဲတဲ့။ ကိုရန်လေး(ရန်အောင်) ကန်လိုက်လို့စတီးတန်းပေါ်က ပြုတ်ကျလို့ အသားတွေကျေသွားဖူးတယ်။ လူကြမ်းတွေအတွက် အသက်အာမခံချက်ဆိုတာမရှိဖူး ကိုယ်ဖြစ်ကိုယ်ခံပါပဲ ဆေးတော့ကုပေးတယ် အဲ့လောက်နဲ့ပဲကျေနပ်ကြရပါတယ်။ နောက်ခေါ်မသုံးမှာဆိုးလို့ အဆင်မပြေလဲ ပြေတယ်လို့ပဲ ပြောကြရတယ်။ နောက်ပြီးတော့ ဖိုက်တင်ထိုးနေရရင်ကိုပျော်နေကြတာ။ အဲ့လိုဖိုက်တင်ထိုးလို့ရတဲ့ ပိုက်ဆံတွေနဲ့ မိသားစုတွေကို ကောင်းကောင်းထားနိုင်ခဲ့တယ်၊ဒါပေမယ့် အရက်သေစာသောက်စာ မှုးယစ်နေခဲ့လို့ နောက်ပိုင်းမှာ ဒါရိုက်တာတွေ ခေါ်မသုံးတော့ဖူး၊အားလုံးကနှာခေါင်းရှုံ့ခဲ့ကြတယ်၊ကောင်းကောင်းနေခဲ့ရင် ဒီချိန်လောက်ဆို ဒီလိုနေရမှာ မဟုတ်ဖူး။

လူကြမ်းသရုပ်ဆောင် မင်းမင်း ကတော့ အခုဆိုရင် အရက်ဖြတ်လိုက်တာ ၁၁ နှစ်ကျော်ရှိပြီး ဘာသာရေးလိုက်စားနေပါတယ်တဲ့။ သူ့ရဲ့သမီးလေးချောလေးကိုလဲ အနုပညာလောကထဲမှာ မြေတောင်မြှောက်ပေးဖို့လဲ ကြိုးစားနေတာကိုလဲ တွေ့ရပါတယ်။ လူကြမ်းသရုပ်ဆောင်တွေကို လူအများက နှာခေါင်းရှုံ့ကြတယ်၊လူမုန်းခံရတယ် ဒါအပြင် နယ်ကပရိသတ်တွေကဆို လူကြမ်းတွေကို အရမ်းမုန်းကြတာ။ ဒါပေမယ့် လူကြမ်းသရုပ်ဆောင် အများစုဟာ ဘာသာရေးသမားတွေများကြတယ် အပြင်မှာလဲ စိတ်ကောင်းရှိကြပါတယ်။ ဒါကြောင့် လူကြမ်းတွေကို မမုန်းကြပါနဲ့လို့ မေတ္တာရပ်ခံပါတယ်နော်။

အရင္ေခတ္က လူၾကမ္းသ႐ုပ္ေဆာင္ေတြအတြက္ အသက္အာမခံခ်က္မရွိခဲ့ဖူးဆိုတဲ့ မင္းမင္း

တစ္ေခတ္တစ္ခါက အက္ရွင္ဇာတ္ကားေတြရဲ႕ မင္းသားနဲ႔ ဖိုက္တင္အျပန္အလွန္ခ်ရတဲ့ ဇာတ္ဝင္ခန္းေတြမွာ အၿမဲလိုလိုေတြ႕ရတတ္တာကေတာ့ လူၾကမ္းသ႐ုပ္ေဆာင္ေတြပဲ ျဖစ္ပါတယ္။ သူတို႔ကေတာ့ အႏုပညာေၾကးမ်ားမ်ားစားစားမရေပမယ့္ ဖိုက္တင္ထိုးေနရၿပီး အႏုပညာလုပ္ငန္းေတြကို လုပ္ေနရရင္ ေပ်ာ္ေနၾကသူေတြထဲမွာ လူၾကမ္းသ႐ုပ္ေဆာင္တစ္ဦးျဖစ္တဲ့ မင္းမင္း လဲ အပါအဝင္ပဲ ျဖစ္ပါတယ္။ သူ႔ရဲ႕သင္ဆရာျမင္ဆရာကေတာ့ ဖခင္ျဖစ္တဲ့ လူၾကမ္းသ႐ုပ္ေဆာင္ႀကီး စ/မ ျမင့္သိန္း ျဖစ္ပါတယ္။ ဒါေၾကာင့္လဲ ငယ္စဥ္ကတည္းက အက္ရွင္ကားေတြကို ႐ူးသြပ္ခဲ့ၿပီး ဖိုက္တင္ခ်ရတာကိုလဲ ႀကိဳက္ႏွစ္သက္ခဲ့တာပါ။ ၁၃ႏွစ္ ၁၄ ႏွစ္အ႐ြယ္မွာ ဖခင္ accident ျဖစ္ၿပီးအလုပ္မလုပ္ႏိုင္ေတာ့တာေၾကာင့္ အိမ္ရဲ႕စားဝတ္ေနေရးတာဝန္ကို အ႐ြယ္နဲ႔မမွ် ႀကဳံရာအလုပ္ေတြ လုပ္ခဲ့ၿပီး ရတဲ့ပိုက္ဆံေတြကိုအိမ္ကိုေထာက္ပံ့ခဲ့တယ္။

သ႐ုပ္ေဆာင္ မင္းမင္း ဟာ ေက်ာင္းထြက္ခဲ့ၿပီး ဖခင္အကူအညီနဲ႔ အႏုပညာေလာကထဲ ဝင္ေရာက္ခဲ့တယ္။ ကိုလြင္မိုး ရဲ႕ဇာတ္ကားထဲမွာ ပထမဆုံးလူၾကမ္းအေနနဲ႔ စ႐ိုက္ခဲ့တယ္။ အရင္ေခတ္က လူၾကမ္းေတြအတြက္ ေျမႀကီးက မႈိ႕ယာပဲ ေအာက္ခံေတြဘာေတြမရွိပါဘူး၊လဲက်တာတဘုံးဘုံးပဲ၊ေပးဆပ္ခဲ့တာအမ်ားႀကီးပါပဲတဲ့။ ကိုရန္ေလး(ရန္ေအာင္) ကန္လိုက္လို႔စတီးတန္းေပၚက ျပဳတ္က်လို႔ အသားေတြေက်သြားဖူးတယ္။ လူၾကမ္းေတြအတြက္ အသက္အာမခံခ်က္ဆိုတာမရွိဖူး ကိုယ္ျဖစ္ကိုယ္ခံပါပဲ ေဆးေတာ့ကုေပးတယ္ အဲ့ေလာက္နဲ႔ပဲေက်နပ္ၾကရပါတယ္။ ေနာက္ေခၚမသုံးမွာဆိုးလို႔ အဆင္မေျပလဲ ေျပတယ္လို႔ပဲ ေျပာၾကရတယ္။ ေနာက္ၿပီးေတာ့ ဖိုက္တင္ထိုးေနရရင္ကိုေပ်ာ္ေနၾကတာ။ အဲ့လိုဖိုက္တင္ထိုးလို႔ရတဲ့ ပိုက္ဆံေတြနဲ႔ မိသားစုေတြကို ေကာင္းေကာင္းထားႏိုင္ခဲ့တယ္၊ဒါေပမယ့္ အရက္ေသစာေသာက္စာ မႈးယစ္ေနခဲ့လို႔ ေနာက္ပိုင္းမွာ ဒါ႐ိုက္တာေတြ ေခၚမသုံးေတာ့ဖူး၊အားလုံးကႏွာေခါင္းရႈံ႕ခဲ့ၾကတယ္၊ေကာင္းေကာင္းေနခဲ့ရင္ ဒီခ်ိန္ေလာက္ဆို ဒီလိုေနရမွာ မဟုတ္ဖူး။

လူၾကမ္းသ႐ုပ္ေဆာင္ မင္းမင္း ကေတာ့ အခုဆိုရင္ အရက္ျဖတ္လိုက္တာ ၁၁ ႏွစ္ေက်ာ္ရွိၿပီး ဘာသာေရးလိုက္စားေနပါတယ္တဲ့။ သူ႔ရဲ႕သမီးေလးေခ်ာေလးကိုလဲ အႏုပညာေလာကထဲမွာ ေျမေတာင္ေျမႇာက္ေပးဖို႔လဲ ႀကိဳးစားေနတာကိုလဲ ေတြ႕ရပါတယ္။ လူၾကမ္းသ႐ုပ္ေဆာင္ေတြကို လူအမ်ားက ႏွာေခါင္းရႈံ႕ၾကတယ္၊လူမုန္းခံရတယ္ ဒါအျပင္ နယ္ကပရိသတ္ေတြကဆို လူၾကမ္းေတြကို အရမ္းမုန္းၾကတာ။ ဒါေပမယ့္ လူၾကမ္းသ႐ုပ္ေဆာင္ အမ်ားစုဟာ ဘာသာေရးသမားေတြမ်ားၾကတယ္ အျပင္မွာလဲ စိတ္ေကာင္းရွိၾကပါတယ္။ ဒါေၾကာင့္ လူၾကမ္းေတြကို မမုန္းၾကပါနဲ႔လို႔ ေမတၱာရပ္ခံပါတယ္ေနာ္။

Leave a Reply

Your email address will not be published. Required fields are marked *