Uncategorized, အနုပညာ

အဆိုတော်မဖြစ်ခင်ကတည်းက ၁၉ နှစ်နီးပါး ဆွမ်းခံလိုက်ခဲ့တဲ့ အဆိုတော် မနော

ပရိသတ်ကြီးရေ အဆိုတော် မနော ကတော့အသံချိုချိုလေးကိုပိုင်ဆိုင်ထားပြီးတော့ မြန်မာသံစဉ်တွေကို ဦးစားပေးသီဆိုတတ်သူတစ်ယောက်ဖြစ်ပြီးတော့ နယ်ပရိသတ်တွေရဲ့ အားပေးမှု့ကိုအများဆုံးရရှိထားတဲ့ အဆိုတော်တစ်ယောက်ဖြစ်ပါတယ်။ မနော ကတော့ လွန်ခဲ့တဲ့ရက်ပိုင်းလောက်ကပဲ ချစ်ရတဲ့ သားနဲ့သမီးကို သာသနာ့ဘောင်ကို အပြီးတိုင်သွတ်သွင်းလိုက်ပြီး မွန်မြတ်တဲ့ ကုသိုလ်ယူခဲ့တာကို ပရိသတ်တွေကို အသိပေးခဲ့ပါသေးတယ်။

အဆိုတော် မနော ရဲ့ လေးစားစရာကောင်းတဲ့ သတင်းလေးတစ်ပုဒ်နဲ့ တင်ဆက်ပေးချင်ပါတယ်။ အဲ့ဒါကတော့ အဆိုတော်မဖြစ်ခင်ကတည်းက ဆွမ်းခံလိုက်တာ ၁၉ နှစ်နီးပါးရှိခဲ့တဲ့ အကြောင်းလေးပဲ ဖြစ်ပါတယ်။ မနော ဟာ မန္တလေးဇာတိဖြစ်ပြီး ငယ်စဉ်ကတည်းက ဘုန်းကြီးကျောင်းမှာ နေထိုင်ခဲ့ပြီး ဘုန်းကြီးစာတွေသင်ခဲ့ရသူဖြစ်ပါတယ်။ ငယ်စဉ်ကတည်းက ဆွမ်းခံလိုက်ခဲ့တဲ့ မနော ကတော့ အဆိုတော်ဖြစ်တဲ့အချိန်ထိ ဆွမ်းခံလိုက်နေဆဲ ပဲ ဖြစ်ပါတယ်။ ဒါအပြင် ဆွမ်းခံလိုက်ရင်းနဲ့ ပရိတ်၊မေတ္တာသုတ်၊မင်္ဂလသုတ်တွေကို ရွတ်ဖတ်ပူဇော်လေ့ရှိပြီး ဆွမ်းလှူဒါန်းတာတွေမြင်ရရင် မုဒိတာပွားပြီး ပီတိဖြစ်မိတာကြောင့် ဆွမ်းခံလိုက်ဖြစ်တာလို့လဲ သိရပါတယ်။

ငယ်စဉ်ကတည်းက ဘာသာရေးလိုက်စားတဲ့ မနော ဟာ သံသရာအတွက် ဘုရားတရားကိုင်းရှိုင်းနေပေမယ့် အခုလက်ရှိဘဝမှာလဲ လက်တွေ့ခံစားနေရပါတယ်။ ပရိသတ်တွေကို အကြုံပေးထားတာကတော့ မနက်ခင်းမှာ ရဟန်းသံဃာတွေကို ဆွမ်းလှူဒါန်းရင် တနေကုန်စိတ်ကြည်လင်နေပြီး လုပ်သမျှအဆင်ပြေတာကြောင့် အားလုံးပဲဆွမ်းကုသိုလ်ယူကြပါလို့ ဆိုပါတယ်။

အဆိုတော်မဖြစ်ခင်ကတည်းက ၁၉ နှစ်နီးပါး ဆွမ်းခံလိုက်လာခဲ့တဲ့ အဆိုတော် မနော




Leave a Reply

Your email address will not be published. Required fields are marked *