အနုပညာ

အဘအောင်မင်းခေါင်စေတီတော်ကြီးတွင် မမျှော်လင့်ပဲ ထီးတော်တင်ခွင့်ရခဲ့တဲ့ ရွှေရည်သိန်းတန်

ပရိသတ်ကြီးရေ ပရိသတ်ကြီးရေ ဂန္တဝင်တေးသံရှင်ကြီး တွံတေးသိန်းတန်ရဲ့ သမီးဖြစ်သူ မြန်မာသံအဆိုတော် ရွှေရည်သိန်းတန် ကတော့ ခင်ပွန်းကွယ်လွန်ပြီးယနေတိုင်အောင် ခင်ပွန်းဖြစ်သူကို တစ်ရက်မှ မေ့မရနိုင်သေးပါဖူး။ ခင်ပွန်းဖြစ်သူ နေလ အတွက်လဲ ကွယ်လွန်တဲ့နေ့ကစပြီး တော့ ယခုအချိန်ထိတိုင်အောင် နေ့စဥ် ရက်ဆက် ကုသိုလ်ကောင်းမှု့တွေ ပြုလုပ်နေတာကိုလဲတွေ့ရပါတယ်။ သူမသိပ်ချစ်ရတဲ့ ခင်ပွန်းကွယ်လွန်ပြီးနောက်ပိုင်း သူမကတော့ ခင်ပွန်းဖြစ်သူအတွက် အလှူအတန်းတွေ လုပ်ရင်း အချိန်တွေကို ကုန်လွန်နေခဲ့ပါတယ်။ ဒါအပြင် စီးပွားရေးလုပ်ငန်းတွေကိုပဲ စိတ်နှစ်လုပ်ကိုင်နေတာကိုလဲ တွေ့ရပါတယ်။

အဆိုတော် ရွှေရည်သိန်းတန် ကတော့ မိန်းမသားဖြစ်နေပေမယ့် စီးပွားရေးလုပ်ငန်းတွေကို ကိုယ်တိုင်ဦးဆောင်လုပ်ကိုင်နေပြီး ဘာသာတရားကိုင်းရှိုင်းသူလဲ ဖြစ်ပါတယ်။ ဒီကနေ့မှာတော့ ရွှေရည် ဟာ ထီးတော်တင်ခွင့်ရခဲ့အကြောင်းကို ” အဘအောင်မင်းခေါင်ဓာတ်ပေါင်းစုစေတီတော်ကြီး၏တနင်္ဂနွေထောင့် အရံစေတီတော်မြတ်တဆူအားရွှေသင်္ကန်းနှင့်ထီးတော်လှူဒါန်းထားခဲ့ပေမယ့်..ဒီနေ့ထီးတော်တင်ပွဲမှန်းမသိခဲ့ရပါဘူး… မမျှော်လင့်ပဲ.လပြည့်နေ့မဟာသမယသုတ်ပူဇော်ဖို့အသွား.. ထီးတော်တင်ပွဲနှင့်တိုးပြီး ကိုယ်တိုင်ထီးတော်တင်ခွင့်ရခဲ့တာမို့ အတိုင်းမသိကြည်နူးရပါတယ်.. ထပ်တူရဖို့..သာဓုခေါ်ပါအမျိုးတို့ရေ ” လို့ ရွှေရည်သိန်းတန် ဟာ သူမရဲ့လူမှု့ကွန်ယက်ပေါ်မှာ ရေးသားထားတာကို တွေ့ရပါတယ်။

ပရိသတ်ကြီးရေ အဆိုတော် ရွှေရည်သိန်းတန် ရဲ့ မွန်မြတ်တဲ့ကုသိုလ်လေးကို သာဓုခေါ်ဆိုခဲ့ပါအုန်းနော်။ သာယာပျော်ရွှင်ဖွယ်ကောင်းတဲ့ နေ့ရက်တိုင်းကို ပိုင်ဆိုင်နိုင်ကြပါစေ။





Leave a Reply

Your email address will not be published. Required fields are marked *