Myanmar Idol သီချင်းဆိုပြိုင်ပွဲမှတစ်ဆင့် နာမည်ကြီး လူကြိုက်များလာခဲ့တဲ့ ကရင်တိုင်းရင်းသားလေး စောခရစ် မူးလာ ကိုတော့ အခုချိန်ထိအားပေး နှစ်သက်နေတဲ့ ပရိသတ်တွေ အများကြီးပါပဲ။ သူ့ကိုအားပေးကြတဲ့ ပရိသတ်တွေကို ချစ်စနိုးနဲ့ ” မူးလာ ရဲ့ မူလီလေး” တွေလို့ ခေါ်တတ်ပါသေးတယ်။ အဆိုတော် မူးလာ ဟာ လက်ရှိမှာ အမှန်တရားအတွက် လွတ်မြောက်နယ်မြေမှာ ရောက်ရှိနေတာပါ။ ဒါပေမယ့်လဲ ချစ်တဲ့ပရိသတ်တွေနဲ့ အဆက်အသွယ်မပျက်ပဲ သူ့ရဲ့လှုပ်ရှားမူ့လေးတွေကို လူမူ့ကွန်ယက်မှာတစ်ဆင့် တင်ပေးနေတာကြောင့် မူလီလေးတွေ စိတ်အေးကြရပါတယ်။
မူးလာ ကတော့ ” မသိရင် အရာအားလုံးဟာ ပုံမှန်လိုပဲ ဖိတ်ခေါ်နေကြတယ် တက်ရောက်နေကြတယ် ကျင်းပနေကြတယ် မြူးတူးနေကြတယ် မသိရင် အရာအားလုံး ပုံမှန်လိုပဲ သွားလာနေကြတယ် လှုပ်ရှားနေကြတယ် ရှာနေကြတယ် တွေ့နေကြတယ် မသိရင်ပုံမှန်လိုပဲ ဟော………..တိုက်နေကြတယ်ပစ်နေကြတယ်အသက်ပေးနေကြရတယ် မျှော်လင့်ချက်တွေပျောက်ဆုံးနေရတယ် မသိရင် အရာအားလုံး ပုံမှန်လိုပဲ မသိရင် အရာအားလုံးပုံမှန်လိုပဲ ဖိတ်ခေါ်ပါတယ် တက်ရောက်ကြပါ ကျင်းပနေတယ် ကူညီကြပါ ရင်ဆိုင်နေတယ် ဖေးကူကြပါ တောင်းခံနေတယ် ဖြည့်ဆည်းကြပါ တော်လှန်ရေးအတွက် တဖက်လှည့်ရင် ငါတို့လည်း ပုံမှန်လိုနေရမှာပေါ့ကွာ မသိရင် အရာအားလုံး ပုံမှန်လိုပဲ” လို့ သူ့ရဲ့လူမှု့ကွန်ယက်ပေါ်မှာ ရေးသားထားတာကို တွေ့ရပါတယ်။
အဆိုတော် မူးလာ ဟာ မျှော်လင့်ချက်တွေပျောက်ဆုံးနေပေမယ့် ပုံမှန်လိုပဲနေထိုင်နေကြတဲ့သူတွေကြောင့် စိတ်မကောင်းဖြစ်နေပါတယ်။ မူးလာ လဲ လွတ်မြောက်နယ်မြေမှာ ဘေးကင်းကျန်းမာပါစေလို့ ဆုတောင်းပေးလိုက်ပါတယ်။
မျှော်လင့်ချက်တွေပျောက်ဆုံးနေပေမယ့် သွေးအေးနေကြတဲ့လူတွေကြောင့် စိတ်မကောင်းဖြစ်ရတယ်ဆိုတဲ့ မူးလာ