ဒေါင်း ကတော့ သူ့ရဲ့ ထူးခြားလှတဲ့ နာမည်နဲ့ လိုက်ဖက်အောင် မျက်လုံး၊ မျက်ခုံးကောင်းကောင်းနဲ့ ခန့်ညားတဲ့ ရုပ်သွင်ကို ပိုင်ဆိုင်ထားသူတစ်ယောက်လည်းဖြစ်ပါတယ်။ ယောက်ျားပီသတဲ့ အသွင်အပြင်တွေနဲ့ မိန်းကလေးပရိသတ် အများအပြား ပိုင်ဆိုင်ထားတဲ့ ဒေါင်း ဟာ ကျရာဇာတ်ရုပ်ကို သဘာဝကျကျနဲ့ ပီပြင်စွာ သရုပ်ဆောင်နိုင်တဲ့အတွက် အချိန်တိုတိုအတွင်း နာမည်ရလာခဲ့တဲ့ မင်းသားတစ်ယောက်လည်း ဖြစ်ပါတယ်။
မင်းသား ဒေါင်း ဟာ လက်ရှိမှာ ထိုင်းနိုင်ငံကနေတစ်ဆင့် ခက်ခဲကြမ်းတမ်းတဲ့ လွတ်မြောက်နယ်မြေကို ရောက်ရှိနေတယ်လို့ သိရပါတယ်။ ရောက်ရှိနေရင်းနဲ့ တော်လှန်ရေးအတွက် လိုအပ်ချက်တွေကို တတ်နိုင်သလောက် ဆောင်ရွက်ပေးနေတာကို တွေ့ရပါတယ်။ အခုတစ်ခါမှာလဲ ကျဆုံးခဲ့ရတဲ့ နွေဦးသူရဲကောင်းတွေကို မမေ့သင့်တဲ့အကြောင်း ” ကျဆုံးခဲ့ရတဲ့ နွေဦးသူရဲကောင်းတွေကို ဘယ်တော့မှ မမေ့ထားသင့်ဘူး …..။ သူတို့ဟာ အမှန်တရားအတွက် တော်လှန်ခဲ့တယ် တော်လှန်ရေးသမိုင်းမှာ တို့တွေအမြဲတမ်းလွမ်းဆွတ်ရမယ့်သူရဲကောင်းတွေဖြစ်တယ်။ ရဲဘော်သမာဓိနဲ့တကွ ကျဆုံးခဲ့တဲ့ သူရဲကောင်း(၁၁)ဦး အတွက် ဒေါ်လာ(၁၂၀၀)ဝယ်ယူခဲ့ပါတယ်” လို့ ရေးသားထားပါတယ်။
ကျဆုံးခဲ့ရတဲ့ သူရဲကောင်းတွေကို မေ့မထားသင့်ပါဘူးနော်။ ဒါကြောင့် တော်လှန်ရေးမှာ ကျဆုံးသွားတဲ့ သူရဲကောင်းတွေအတွက် အမြဲတမ်းသွေးမအေးဖို့ လိုအပ်ပါတယ်။
ကျဆုံးခဲ့ရတဲ့ နွေဦးသူရဲကောင်းတွေကို ဘယ်တော့မှမမေ့သင့်ကြောင်း ပြောလိုက်တဲ့ ဒေါင်း