အမ်ိဳးသမီးဆိုင္ရာ, အမ်ိဳးသားဆိုင္ရာ, အလွအပ

ေဆးလိပ္ေသာက္လို႔ မဲျပာေနတဲ့ႏႈတ္ခမ္းကို အျမန္ဆုံး ေျဖရွင္းေပးႏိုင္မယ့္ နည္းလမ္း

 

Zawgyi ျဖင့္ဖတ္ရန္

 

ကိုယ္ႀကိဳက္တဲ့ ေဆးလိပ္ ကိုေသာက္ရင္ေတာ့ ကိုယ္မႀကိဳက္တဲ့ မဲျပာျပာႏႈတ္ခမ္းကို ရမွာပဲ။ တခ်ိဳ႕က ကံထူးတာလားေတာ့မသိ၊ ေဆးလိပ္ေတာင္မေသာက္ဘဲ ေအာ္တိုမဲေနတဲ့ ႏႈတ္ခမ္း ကို ပိုင္ဆိုင္ထားၾကတယ္။ ဒီလိုျဖစ္ရတာက မ်ိဳး႐ိုးဗီဇေၾကာင့္ပါ။

ဒီလို မဲျပာျပာႏႈတ္ခမ္းမ်ိဳးကိုေတာ့ ဘယ္သူမွ ႀကိဳက္မယ္မထင္ပါဘူး။ ဒါကို ဖုံးကြယ္ထားခ်င္ၾကမွာပါပဲ။ အထူးသျဖင့္ မိန္းကေလးေတြအတြက္ေတာ့ ႏႈတ္ခမ္းအလွက အေရးႀကီးပါတယ္။ ႏႈတ္ခမ္းမည္းေနလွ်င္ ႏႈတ္ခမ္းနီအေရာင္ ေ႐ြးခ်ယ္ရာမွာလည္း အခက္ေတြ႕ရပါတယ္။ ကဲ ဒီေတာ့ ျမန္ျမန္ဆန္ဆန္ နဲ႔ အက်ိဳးထိေရာက္မယ့္ နည္းလမ္းေလးကို မွ်ေဝေပးခ်င္ပါတယ္။

၁) သြားပြတ္တံျဖင့္ ႏႈတ္ခမ္းကို ပြတ္ေပးပါ။ သြားပြတ္တံဟာ သြားက်န္းမာလွပေရးအတြက္သာမက သင့္ႏႈတ္ခမ္း လွပမႈအတြက္ပါ တာဝန္ယူေပးႏိုင္ပါတယ္။ ႏႈတ္ခမ္းေပၚကို Vaseline ကဲ့သို႔ petroleum jelly အနည္းငယ္ကို ပြတ္လိမ္းၿပီး၊ ထို႔ေနာက္ သြားပြတ္တံျဖင့္ မိနစ္အနည္းငယ္ၾကာ ညႇင္သာစြာ ပြတ္ေပးမယ္ဆိုလွ်င္ ႏႈတ္ခမ္းေပၚရွိ ဆဲလ္ေသမ်ားကို ဖယ္ရွားေပးႏိုင္ပါတယ္။ ထို႔ေနာက္တြင္ေတာ့ ေရျဖင့္ ေဆးေၾကာလိုက္ၿပီး petroleum jelly ကို ျပန္လိမ္းေပးထားလိုက္ပါ။

၂) သၾကားႏွင့္သံပုယိုရည္ေရာၿပီး ပြတ္ပါ။ မည္းညစ္ေနတဲ့ ႏႈတ္ခမ္းကို ျပန္လည္ လင္းလက္လာေအာင္ ျပဳလုပ္ေပးႏိုင္တဲ့ ေနာက္ထပ္နည္းလမ္းတစ္ခုကေတာ့ သၾကားႏွင့္ သံပုယိုရည္ (သံပုရာရည္) ပဲျဖစ္ပါတယ္။ သၾကားလက္ဖက္ရည္ဇြန္း ၁ဇြခန႔္ကို သံပုယိုရည္အနည္းငယ္ ေရာၿပီး ႏႈတ္ခမ္းေပၚသို႔ စက္ဝိုက္ပုံအတိုင္း ညႇင္ညႇင္သာသာ ပြတ္ေပးျခင္းျဖင့္ သက္သာေစႏိုင္ပါတယ္။ ထို႔ေနာက္ ေရေဆးခ်ၿပီး lip balm (သို႔) Vaseline ျဖစ္ျဖစ္ လိမ္းထားလိုက္ပါ။

၃) တကယ္လို႔ သဘာဝအတိုင္း ပန္းေရာင္သမ္းေနတာကို မႀကိဳက္ဘူးဆိုရင္ေတာ့ အျမန္ကာဗာလုပ္လို႔ရတဲ့ trick ေလးတစ္ခုရွိပါတယ္။ အဲ့ဒါကေတာ့ သလည္းသီးကို လက္ဖက္ရည္ဇြန္း တစ္ဇြန္းစာခန႔္ အရည္ညႇစ္ၿပီး ႏႈတ္ခမ္းေပၚမွာ သုတ္လိမ္းထားလိုက္ပါ။ နာရီဝက္၊ တစ္နာရီ ၾကာလွ်င္ ေရျဖင့္ေဆးေၾကာလိုက္တဲ့အခါ သင့္ႏႈတ္ခမ္းဟာ ရဲရဲေလး က်န္ေနခဲ့မွာပါ။

Credit : CHAN (ေ႐ႊအင္းေလး)

Unicode ဖြင့်ဖတ်ရန်

 

ဆေးလိပ်သောက်လို့ မဲပြာနေတဲ့နှုတ်ခမ်းကို အမြန်ဆုံး ဖြေရှင်းပေးနိုင်မယ့် နည်းလမ်း

ကိုယ်ကြိုက်တဲ့ ဆေးလိပ် ကိုသောက်ရင်တော့ ကိုယ်မကြိုက်တဲ့ မဲပြာပြာနှုတ်ခမ်းကို ရမှာပဲ။ တချို့က ကံထူးတာလားတော့မသိ၊ ဆေးလိပ်တောင်မသောက်ဘဲ အော်တိုမဲနေတဲ့ နှုတ်ခမ်း ကို ပိုင်ဆိုင်ထားကြတယ်။ ဒီလိုဖြစ်ရတာက မျိုးရိုးဗီဇကြောင့်ပါ။

ဒီလို မဲပြာပြာနှုတ်ခမ်းမျိုးကိုတော့ ဘယ်သူမှ ကြိုက်မယ်မထင်ပါဘူး။ ဒါကို ဖုံးကွယ်ထားချင်ကြမှာပါပဲ။ အထူးသဖြင့် မိန်းကလေးတွေအတွက်တော့ နှုတ်ခမ်းအလှက အရေးကြီးပါတယ်။ နှုတ်ခမ်းမည်းနေလျှင် နှုတ်ခမ်းနီအရောင် ရွေးချယ်ရာမှာလည်း အခက်တွေ့ရပါတယ်။ ကဲ ဒီတော့ မြန်မြန်ဆန်ဆန် နဲ့ အကျိုးထိရောက်မယ့် နည်းလမ်းလေးကို မျှဝေပေးချင်ပါတယ်။

၁) သွားပွတ်တံဖြင့် နှုတ်ခမ်းကို ပွတ်ပေးပါ။ သွားပွတ်တံဟာ သွားကျန်းမာလှပရေးအတွက်သာမက သင့်နှုတ်ခမ်း လှပမှုအတွက်ပါ တာဝန်ယူပေးနိုင်ပါတယ်။ နှုတ်ခမ်းပေါ်ကို Vaseline ကဲ့သို့ petroleum jelly အနည်းငယ်ကို ပွတ်လိမ်းပြီး၊ ထို့နောက် သွားပွတ်တံဖြင့် မိနစ်အနည်းငယ်ကြာ ညှင်သာစွာ ပွတ်ပေးမယ်ဆိုလျှင် နှုတ်ခမ်းပေါ်ရှိ ဆဲလ်သေများကို ဖယ်ရှားပေးနိုင်ပါတယ်။ ထို့နောက်တွင်တော့ ရေဖြင့် ဆေးကြောလိုက်ပြီး petroleum jelly ကို ပြန်လိမ်းပေးထားလိုက်ပါ။

၂) သကြားနှင့်သံပုယိုရည်ရောပြီး ပွတ်ပါ။ မည်းညစ်နေတဲ့ နှုတ်ခမ်းကို ပြန်လည် လင်းလက်လာအောင် ပြုလုပ်ပေးနိုင်တဲ့ နောက်ထပ်နည်းလမ်းတစ်ခုကတော့ သကြားနှင့် သံပုယိုရည် (သံပုရာရည်) ပဲဖြစ်ပါတယ်။ သကြားလက်ဖက်ရည်ဇွန်း ၁ဇွခန့်ကို သံပုယိုရည်အနည်းငယ် ရောပြီး နှုတ်ခမ်းပေါ်သို့ စက်ဝိုက်ပုံအတိုင်း ညှင်ညှင်သာသာ ပွတ်ပေးခြင်းဖြင့် သက်သာစေနိုင်ပါတယ်။ ထို့နောက် ရေဆေးချပြီး lip balm (သို့) Vaseline ဖြစ်ဖြစ် လိမ်းထားလိုက်ပါ။

၃) တကယ်လို့ သဘာဝအတိုင်း ပန်းရောင်သမ်းနေတာကို မကြိုက်ဘူးဆိုရင်တော့ အမြန်ကာဗာလုပ်လို့ရတဲ့ trick လေးတစ်ခုရှိပါတယ်။ အဲ့ဒါကတော့ သလည်းသီးကို လက်ဖက်ရည်ဇွန်း တစ်ဇွန်းစာခန့် အရည်ညှစ်ပြီး နှုတ်ခမ်းပေါ်မှာ သုတ်လိမ်းထားလိုက်ပါ။ နာရီဝက်၊ တစ်နာရီ ကြာလျှင် ရေဖြင့်ဆေးကြောလိုက်တဲ့အခါ သင့်နှုတ်ခမ်းဟာ ရဲရဲလေး ကျန်နေခဲ့မှာပါ။

Credit : CHAN (ရွှေအင်းလေး)

Leave a Reply

Your email address will not be published. Required fields are marked *