Zawgyiျဖင့္ဖတ္ရန္
တစ္ေယာက္တစ္ေနရာစီမွာ ႐ွိေနၾကေပမဲ့ ခ်စ္ႀကိဳးသြယ္မိၾကတဲ့ LDRS (Long Distance Relationship) ေတြ ဆုိတာလည္း ခ်စ္သူမ်ားေန႔ကို ကိုယ္နဲ႔မဆုိင္သလိုပဲ ေဆြးေနၾကမွာလား။ ဒီလိုဆုိရင္ေတာ့ ေၾကကြဲစရာေကာင္းေနေတာ့မွာပဲေနာ္။ ဒီႏွစ္ Valentine’s Day ကလည္း ဗုဒၶဟူးေန႔ႀကီးဆုိေတာ့ အေနေဝးေဝးနီးနီး သိပ္ၿပီးေတာ့လည္း အခ်ိန္ေပးလို႔မရဘူးေလ။ ရတဲ့အခ်ိန္ေလးမွာ ခ်စ္သူနဲ႔ အေဝးကေန လွမ္းၿပီး ဒိတ္ႏိုင္မယ့္ အုိင္ဒီယာတခ်ိဳ႕ကို ေျပာဦးမယ္ သိလား။
၁။ မ်က္ႏွာခ်င္းဆုိင္ညစာစား
သူမ်ားေတြလို ညစာစားတာမ်ိဳး လုပ္လုိ႔ရတာပဲ။ ေဘးမွာမရွိေပမဲ့ အတူ႐ွိသလိုျဖစ္ေအာင္ မ်က္ႏွာခ်င္းဆိုင္ႏိုင္တယ္။ ကိုယ္ႀကိဳက္တာေလး ကိုယ့္ဘာသာခ်က္၊ ဒါမွမဟုတ္ ဝယ္ၿပီး ဖုန္းေလးဖြင့္ ဗီဒီယိုေကာေလးေျပာရင္း စားၾကည့္ပါ။
၂။ သူႀကိဳက္တဲ့လက္ေဆာင္
Delivery service ေတြလည္း ရေနၿပီဥစၥာ။ သူေနတဲ့ၿမိဳ႕မွာ အစားအေသာက္ေတြကို အိမ္တိုင္ရာေရာက္ ပို႔ေပးတဲ့ဝန္ေဆာင္မႈ ႐ွိမ႐ွိ စံုစမ္းၾကည့္။ ၿပီးရင္ သူႀကိဳက္တာေလးမွာၿပီး ပို႔ေပးလိုက္ေပါ့။ ေခ်ာကလက္ေတြဘာေတြထက္ ညစာေကာင္းေကာင္းေလး လွမ္းပို႔ေပးရင္လည္း သူေက်နပ္မွာပဲ။ ဒါမွမဟုတ္ သူႀကိဳက္တဲ့ပစၥည္းေတြကို ပို႔ေပးလို႔လည္းရတယ္။
၃။ ေပ်ာ္စရာအခ်ိန္ေလးေတြအေၾကာင္း ေျပာၾကမယ္
အျပန္အလွန္ လက္ေဆာင္ေတြ ပို႔ေပးၾကတာထက္ အခ်ိန္ေပးတာလည္း ေကာင္းပါတယ္။ အခ်ိန္ယူၿပီး စကားေတြေျပာၾကေပါ့။ အေျပာသင့္ဆံုး စကားေတြကေတာ့ ႏွစ္ေယာက္သား ခ်စ္ရည္လူး တစ္တီတူးခဲ့ၾကတဲ့ အျဖစ္အပ်က္ေတြရယ္၊ ရန္ျဖန္ၿပီးမွ ျပန္ခ်စ္သြားတဲ့ ကိစၥေလးေတြရယ္ဆုိရင္ ရင္ခုန္စရာေကာင္းေနလိမ့္မယ္။
၄။ ကိုယ္တုိင္လုပ္ထားတဲ့ပစၥည္း
လက္ေဆာင္ေပးမယ္ဆုိရင္ေတာ့ handmade ေလးေတြ ပို႔တာက ပိုၿပီး႐ိုမန္႔တစ္ဆန္တယ္။ ေစ်းႀကီးဖုိ႔လည္းမလိုဘူး။ ကိုယ္က သူ႔အနားမွာမရွိေပမဲ့ သူ႔ကို ဘယ္ေလာက္ဂရုစိုက္တယ္ဆုိတာကို ခံစားရေအာင္ handmade ပစၥည္းေလး ပို႔ေပးလိုက္ေနာ္။
၅။ Surprise
စပရိုက္စ္တုိက္တဲ့နည္းကေတာ့ အေကာင္းဆံုးျဖစ္မွာ။ စပရိုက္စ္ဆုိတာ အေအးကိုေျပာတာမဟုတ္ဘူးေနာ္။ သူ႔ကိုႀကိဳမေျပာဘဲ သူ႐ွိတဲ့ေနရာကို အေရာက္သြားေတြ႕တာကိုေျပာတာ။ အံ့ၾသၿပီးေပ်ာ္သြားမွာေပါ့။
Unicodeဖြင့်ဖတ်ရန်
တစ်ယောက်တစ်နေရာစီမှာ ရှိနေကြပေမဲ့ ချစ်ကြိုးသွယ်မိကြတဲ့ LDRS (Long Distance Relationship) တွေ ဆိုတာလည်း ချစ်သူများနေ့ကို ကိုယ်နဲ့မဆိုင်သလိုပဲ ဆွေးနေကြမှာလား။ ဒီလိုဆိုရင်တော့ ကြေကွဲစရာကောင်းနေတော့မှာပဲနော်။ ဒီနှစ် Valentine’s Day ကလည်း ဗုဒ္ဓဟူးနေ့ကြီးဆိုတော့ အနေဝေးဝေးနီးနီး သိပ်ပြီးတော့လည်း အချိန်ပေးလို့မရဘူးလေ။ ရတဲ့အချိန်လေးမှာ ချစ်သူနဲ့ အဝေးကနေ လှမ်းပြီး ဒိတ်နိုင်မယ့် အိုင်ဒီယာတချို့ကို ပြောဦးမယ် သိလား။
၁။ မျက်နှာချင်းဆိုင်ညစာစား
သူများတွေလို ညစာစားတာမျိုး လုပ်လို့ရတာပဲ။ ဘေးမှာမရှိပေမဲ့ အတူရှိသလိုဖြစ်အောင် မျက်နှာချင်းဆိုင်နိုင်တယ်။ ကိုယ်ကြိုက်တာလေး ကိုယ့်ဘာသာချက်၊ ဒါမှမဟုတ် ဝယ်ပြီး ဖုန်းလေးဖွင့် ဗီဒီယိုကောလေးပြောရင်း စားကြည့်ပါ။
၂။ သူကြိုက်တဲ့လက်ဆောင်
Delivery service တွေလည်း ရနေပြီဥစ္စာ။ သူနေတဲ့မြို့မှာ အစားအသောက်တွေကို အိမ်တိုင်ရာရောက် ပို့ပေးတဲ့ဝန်ဆောင်မှု ရှိမရှိ စုံစမ်းကြည့်။ ပြီးရင် သူကြိုက်တာလေးမှာပြီး ပို့ပေးလိုက်ပေါ့။ ချောကလက်တွေဘာတွေထက် ညစာကောင်းကောင်းလေး လှမ်းပို့ပေးရင်လည်း သူကျေနပ်မှာပဲ။ ဒါမှမဟုတ် သူကြိုက်တဲ့ပစ္စည်းတွေကို ပို့ပေးလို့လည်းရတယ်။
၃။ ပျော်စရာအချိန်လေးတွေအကြောင်း ပြောကြမယ်
အပြန်အလှန် လက်ဆောင်တွေ ပို့ပေးကြတာထက် အချိန်ပေးတာလည်း ကောင်းပါတယ်။ အချိန်ယူပြီး စကားတွေပြောကြပေါ့။ အပြောသင့်ဆုံး စကားတွေကတော့ နှစ်ယောက်သား ချစ်ရည်လူး တစ်တီတူးခဲ့ကြတဲ့ အဖြစ်အပျက်တွေရယ်၊ ရန်ဖြန်ပြီးမှ ပြန်ချစ်သွားတဲ့ ကိစ္စလေးတွေရယ်ဆိုရင် ရင်ခုန်စရာကောင်းနေလိမ့်မယ်။
၄။ ကိုယ်တိုင်လုပ်ထားတဲ့ပစ္စည်း
လက်ဆောင်ပေးမယ်ဆိုရင်တော့ handmade လေးတွေ ပို့တာက ပိုပြီးရိုမန့်တစ်ဆန်တယ်။ ဈေးကြီးဖို့လည်းမလိုဘူး။ ကိုယ်က သူ့အနားမှာမရှိပေမဲ့ သူ့ကို ဘယ်လောက်ဂရုစိုက်တယ်ဆိုတာကို ခံစားရအောင် handmade ပစ္စည်းလေး ပို့ပေးလိုက်နော်။
၅။ Surprise
စပရိုက်စ်တိုက်တဲ့နည်းကတော့ အကောင်းဆုံးဖြစ်မှာ။ စပရိုက်စ်ဆိုတာ အအေးကိုပြောတာမဟုတ်ဘူးနော်။ သူ့ကိုကြိုမပြောဘဲ သူရှိတဲ့နေရာကို အရောက်သွားတွေ့တာကိုပြောတာ။ အံ့သြပြီးပျော်သွားမှာပေါ့။
Credit: Duwun