Zawgyiျဖင့္ဖတ္ရန္
၁- ဒီအရြယ္တန္းေတြဆိုတာက အေနေတာ္မွာ
ခ်လိုက္တဲ့ ကုလားပဲအိုးလိုပဲ၊ မာဆတ္ဆတ္ႀကီးလည္း
ျဖစ္မေနဘူး၊ ၿပဲလည္း မၿပဲသလို၊ တူးလည္း မတူးဘူး၊
ေျပာရရင္ ႏူးၿပီး အိေနၾကၿပီေပါ့၊ အဆင္သင့္ခူးခပ္စားရံု…
၂- ေနာက္ၿပီး ဒီအရြယ္ေတြက ရည္းစားနဲ႔ ဖုန္းေျပာဖို႔
အေရး ဖုန္းေဘလ္ေျပးစစ္ရတဲ့အထဲမွာ မပါဘူး၊ သူတို႔က
အလုပ္နဲ႔ အကိုင္နဲ႔ အထုပ္နဲ႔ အထည္နဲ႔ ျဖစ္ေနၾကၿပီ…
၃- ေနာက္တစ္ခ်က္က သူတို႔ဟာ ခ်က္ဆို နားကြက္က
မီးဟုန္းဟုန္းေတာက္ေနၾကၿပီ၊ အရိပ္ျပရံုနဲ႔တင္ အေကာင္
တင္မကဘဲ အေသြးေရာ အသားပါ ထိုးေဖာက္ၿပီး
ကြက္ေက်ာ္ျမင္တတ္ေနၾကၿပီ…
၄- အေရးႀကီးတဲ့တစ္ခ်က္က သူတို႔ဟာ ဆိုးလို႔ ဝေနၾကၿပီ၊
မလုပ္ဘူးတာမရွိ၊ မစမ္းဘူးတာမရွိ၊ မကလိဘူးတာမရွိ၊
ဒီေတာ့ ဒီတစ္ခ်ီသာ ပြေပါက္တိုးလို႔ကေတာ့ ဒီတစ္သက္
လိမၼာၿပီကြာဆိုတဲ့ အေတြးကို ရင္ဝယ္ပိုက္လာၾကၿပီ…
၅- ေနာက္တစ္ခုက ဒီအရြယ္တန္းေတြဟာ လူပါး
ေတာ္ေတာ္ဝေနၾကၿပီ၊ သူတို႔က ေတာ္ရံုတန္ရံု ၾကံဳရမယ့္
ေလာကဓံေလာက္ဆို နည္းနည္းေလးမွ မျဖံဳေတာ့ဘူး…
၆- ေနာက္ၿပီးသူတို႔ဟာ လိုရင္းကို တိုတိုရွင္းရွင္းပဲ
လုပ္ခ်င္ကိုင္ခ်င္ေနၾကၿပီ၊ ေဝွ႕မေနေတာ့ဘူး၊ ဒဲ့ပဲ၊
အီစီကလီေတြ၊ မူလဂ်ီတြန္တီေတြကို စိတ္မဝင္စားဘူး…
၇- သူတို႔ဟာ ေနရာတကာမွာ ဆရာက်ေနၾကၿပီျဖစ္လို႔
သူတို႔လက္ထဲကို သင့္ဘဝႀကီး ဝကြက္အပ္လို႔ ရေနၿပီ၊
ဆိုလိုတာက ျမင္ရံုနဲ႔တင္ အားကိုးခ်င္စရာႀကီးေတြေပါ့…
၈- ကိုကိုေခၚရင္ “ဗ်ာ”တန္းထူးတာ၊ “ေမာင္”ဆိုတာနဲ႔
ေငါက္ကနဲ ထထိုင္တာ ဒီအရြယ္တန္းေတြပါပဲ၊ သူတို႔ဟာ
ဂ်စ္ကန္ကန္ေတြ မဟုတ္ဘူး၊ မိုက္ကန္းကန္း မလုပ္ဘူး…
၉- သင္ဆိုးခ်င္တိုင္ဆိုး၊ ေကာက္ခ်င္တိုင္းေကာက္၊
ခၽြဲခ်င္တိုင္းခၽြဲ၊ ႏြဲ႕ခ်င္တိုင္းႏြဲ႕တာေတြကို သည္းခံႏိုင္တဲ့
ေနရာမွာ သူတို႔အရြယ္ေတြက ႏိုးတူးပါပဲ၊ သူတို႔ဟာ
သင္က်င့္သမွ် (အႏိုင္) ကို ေသြးေအးေအးနဲ႔ ရင္ဆိုင္မယ့္
အာဂေတြပါပဲ…
၁၀- သူတို႔ဟာ အံတိုေနတဲ့အမ်ိဳး၊ အေရထူေနတဲ့အစား
ေတြျဖစ္လို႔ စိတ္ေကာက္တာေတြ၊ ေခ်(ဂ်ီ)တိုက္တာေတြ၊
ရစ္တာေတြ၊ ေခ်တာေတြကို သိပ္မလုပ္ၾကေတာ့ပါဘူး…
၁၁- ေနာက္ၿပီး သူတို႔ဟာ အေတာင္စံု၊ အလက္စံုၿပီး
အလုပ္နဲ႔ အကိုင္နဲ႔ ျဖစ္ေနၾကတာမို႔ ေရႊတြဲလဲ၊ ေငြတြဲလဲနဲ႔
အိမ္တေျပာင္ မီးတေဆာင္ေလာက္ကို အသာေလး
“ဟခ်ေလာင္း”ဆိုၿပီး လုပ္ျပႏိုင္တဲ့သူေတြျဖစ္ပါတယ္…
၁၂- ဒီအရြယ္ေတြဟာ သူတို႔ဘဝမွာ ခ်ီးထုပ္ေပါင္းမ်ားစြာ
ကို ရင္ဆိုင္ၾကံဳေတြ႕ျဖတ္ေက်ာ္လာၾကသူခ်ည္းျဖစ္တာမို႔
ဒီတစ္ခါေတာ့ အပိုင္ပဲကြဆိုၿပီး အားခဲထားၾကသူေတြပါ…
၁၃- ဆိုေတာ့ သူတို႔အရြယ္ေတြဟာ ေဘာလံုးစကားနဲ႔
ေျပာရရင္ အေကာင္းဆံုးအခ်ိန္ကို ေရာက္ေနၾကသူေတြ
ျဖစ္တာမို႔ သင့္အေနနဲ႔ ဒီ့ထက္ပိုၿပီး ေနာက္မက်ခင္
ခပ္ျမန္ျမန္ေလး လက္သြက္ဖို႔ေတာ့ လိုေနေၾကာင္းပါ…😂😂😂
ကဲစဥ္းစားမေနနဲ႔ ၃၀ ေက်ာ္ ကိုကို မမ ေတြကို
ခုခ်က္ခ်င္းဖမ္းၿပီး ရည္းစားေတာ္လိုက္ေတာ့ Oki
Unicodeဖြင့်ဖတ်ရန်
၁- ဒီအရွယ်တန်းတွေဆိုတာက အနေတော်မှာ
ချလိုက်တဲ့ ကုလားပဲအိုးလိုပဲ၊ မာဆတ်ဆတ်ကြီးလည်း
ဖြစ်မနေဘူး၊ ပြဲလည်း မပြဲသလို၊ တူးလည်း မတူးဘူး၊
ပြောရရင် နူးပြီး အိနေကြပြီပေါ့၊ အဆင်သင့်ခူးခပ်စားရုံ…
၂- နောက်ပြီး ဒီအရွယ်တွေက ရည်းစားနဲ့ ဖုန်းပြောဖို့
အရေး ဖုန်းဘေလ်ပြေးစစ်ရတဲ့အထဲမှာ မပါဘူး၊ သူတို့က
အလုပ်နဲ့ အကိုင်နဲ့ အထုပ်နဲ့ အထည်နဲ့ ဖြစ်နေကြပြီ…
၃- နောက်တစ်ချက်က သူတို့ဟာ ချက်ဆို နားကွက်က
မီးဟုန်းဟုန်းတောက်နေကြပြီ၊ အရိပ်ပြရုံနဲ့တင် အကောင်
တင်မကဘဲ အသွေးရော အသားပါ ထိုးဖောက်ပြီး
ကွက်ကျော်မြင်တတ်နေကြပြီ…
၄- အရေးကြီးတဲ့တစ်ချက်က သူတို့ဟာ ဆိုးလို့ ဝနေကြပြီ၊
မလုပ်ဘူးတာမရှိ၊ မစမ်းဘူးတာမရှိ၊ မကလိဘူးတာမရှိ၊
ဒီတော့ ဒီတစ်ချီသာ ပွပေါက်တိုးလို့ကတော့ ဒီတစ်သက်
လိမ္မာပြီကွာဆိုတဲ့ အတွေးကို ရင်ဝယ်ပိုက်လာကြပြီ…
၅- နောက်တစ်ခုက ဒီအရွယ်တန်းတွေဟာ လူပါး
တော်တော်ဝနေကြပြီ၊ သူတို့က တော်ရုံတန်ရုံ ကြုံရမယ့်
လောကဓံလောက်ဆို နည်းနည်းလေးမှ မဖြုံတော့ဘူး…
၆- နောက်ပြီးသူတို့ဟာ လိုရင်းကို တိုတိုရှင်းရှင်းပဲ
လုပ်ချင်ကိုင်ချင်နေကြပြီ၊ ဝှေ့မနေတော့ဘူး၊ ဒဲ့ပဲ၊
အီစီကလီတွေ၊ မူလဂျီတွန်တီတွေကို စိတ်မဝင်စားဘူး…
၇- သူတို့ဟာ နေရာတကာမှာ ဆရာကျနေကြပြီဖြစ်လို့
သူတို့လက်ထဲကို သင့်ဘဝကြီး ဝကွက်အပ်လို့ ရနေပြီ၊
ဆိုလိုတာက မြင်ရုံနဲ့တင် အားကိုးချင်စရာကြီးတွေပေါ့…
၈- ကိုကိုခေါ်ရင် “ဗျာ”တန်းထူးတာ၊ “မောင်”ဆိုတာနဲ့
ငေါက်ကနဲ ထထိုင်တာ ဒီအရွယ်တန်းတွေပါပဲ၊ သူတို့ဟာ
ဂျစ်ကန်ကန်တွေ မဟုတ်ဘူး၊ မိုက်ကန်းကန်း မလုပ်ဘူး…
၉- သင်ဆိုးချင်တိုင်ဆိုး၊ ကောက်ချင်တိုင်းကောက်၊
ချွဲချင်တိုင်းချွဲ၊ နွဲ့ချင်တိုင်းနွဲ့တာတွေကို သည်းခံနိုင်တဲ့
နေရာမှာ သူတို့အရွယ်တွေက နိုးတူးပါပဲ၊ သူတို့ဟာ
သင်ကျင့်သမျှ (အနိုင်) ကို သွေးအေးအေးနဲ့ ရင်ဆိုင်မယ့်
အာဂတွေပါပဲ…
၁၀- သူတို့ဟာ အံတိုနေတဲ့အမျိုး၊ အရေထူနေတဲ့အစား
တွေဖြစ်လို့ စိတ်ကောက်တာတွေ၊ ချေ(ဂျီ)တိုက်တာတွေ၊
ရစ်တာတွေ၊ ချေတာတွေကို သိပ်မလုပ်ကြတော့ပါဘူး…
၁၁- နောက်ပြီး သူတို့ဟာ အတောင်စုံ၊ အလက်စုံပြီး
အလုပ်နဲ့ အကိုင်နဲ့ ဖြစ်နေကြတာမို့ ရွှေတွဲလဲ၊ ငွေတွဲလဲနဲ့
အိမ်တပြောင် မီးတဆောင်လောက်ကို အသာလေး
“ဟချလောင်း”ဆိုပြီး လုပ်ပြနိုင်တဲ့သူတွေဖြစ်ပါတယ်…
၁၂- ဒီအရွယ်တွေဟာ သူတို့ဘဝမှာ ချီးထုပ်ပေါင်းများစွာ
ကို ရင်ဆိုင်ကြုံတွေ့ဖြတ်ကျော်လာကြသူချည်းဖြစ်တာမို့
ဒီတစ်ခါတော့ အပိုင်ပဲကွဆိုပြီး အားခဲထားကြသူတွေပါ…
၁၃- ဆိုတော့ သူတို့အရွယ်တွေဟာ ဘောလုံးစကားနဲ့
ပြောရရင် အကောင်းဆုံးအချိန်ကို ရောက်နေကြသူတွေ
ဖြစ်တာမို့ သင့်အနေနဲ့ ဒီ့ထက်ပိုပြီး နောက်မကျခင်
ခပ်မြန်မြန်လေး လက်သွက်ဖို့တော့ လိုနေကြောင်းပါ…😂😂😂
ကဲစဉ်းစားမနေနဲ့ ၃၀ ကျော် ကိုကို မမ တွေကို
ခုချက်ချင်းဖမ်းပြီး ရည်းစားတော်လိုက်တော့ Oki
Credit: millionlike