Zawgyiျဖင့္ဖတ္ရန္
သားေရြးခ်ယ္တဲ့သူ ဘယ္မိန္းကေလးမဆို
က်မ ေခၽြးမအျဖစ္လက္ခံမွာပါပဲ။
ဘာလို့လဲဆိုေတာ့
က်မတို့ နွစ္ရွည္လမ်ား ျပုစုပ်ိုးေထာင္ခဲ့တဲ့သားက
က်မတို့နဲ့ အဆင္မေျပနိုင္တဲ့သူ၊
သူ့အေပၚ အနစ္နာမခံနိုင္တဲ့သူကို
ေခၽြးမအျဖစ္ ဘယ္ေတာ့မွာ ေခၚလာမွာ မဟုတ္ဘူးဆိုတာ
ယံုျကည္ထားလို့ပါ။
သားကို အိမ္ေပါမွာတင္မထားဘူး
သူတို႕နွစ္ဦးတြက္ သီးသန္႕အိမ္ခြဲထားေစမယ္
အတူ ေနထိုင္ ျကိုးစားခ်င္ျကတာ မိန္းခေလးတိုင္းရဲ့ေမ်ာ္လင့္ခ်က္ဆိုတာ သိပါတယ္။
ဒါမွလဲ အိမ္ေထာင္တစ္ခုကို ဦးေဆာင္နိုင္တဲ့ သားရဲ့ အရည္အခ်င္းေတြ ပိုမို ေပၚလြင္လာမယ္ေလ။
ကြ်န္မသားကို ကြ်န္မခ်က္ေျကြးေနက် ဟင္းေတြ
ခ်က္ေျကြး ဒါေတြမလုပ္ေတာ့ဘူ
သူဇနီးက သူ့ကို ခ်က္ေျကြးဒါကိုပဲ စားေစမယ္။
ဒါမွလဲ ေခ်ြးမရဲ့ အရည္အခ်င္းေတြ သားပိုနားလည္လာလိမ့္မယ္။ နို့မို့ဆို က်မတို့အရိပ္ေတြ သားအေပၚမွာ လႊမ္းမိုးျပီး သားတို့ မတိုးတက္မွာ စိုးရိမ္တယ္္။
ကြ်န္မသားကို ကြ်န္မ ခ်စ္ခဲ႔တဲ႔ အခ်စ္ေတြကို
ေဝခြဲေပးလိုက္မယ္ သူ႔ဇနီးဆီကိုေပါ့။
က်မကေတာဘာသာေရးအသိနဲ့ က်န္ဘ၀ကို ျငိမ္းခ်မ္းစြာျဖတ္သန္းမယ္ေလ။
ဒါမွ သားနဲ့ ေခ်ြးမတို့ တခ်ိန္မွာ မိဘေနရာရလာရင္ ဘယ္လို ေနထိုင္ရင္ဆိုင္ ျဖတ္သန္းရမလဲဆိုတာ ျပန္သင္းေပးနိုင္မွာ။
က်မတို့ မရွိေတာ့တဲ့ အခ်ိန္မွာ က်မသားကို သူ့မိသားစုကို အျပည့္အ၀ဦးေဆာင္နိုင္သူ ျဖစ္ေစခ်င္တယ္။
ကြ်န္မေခြ်းမ ကိုလည္း ကြ်န္မ အိမ္ ခဏခဏ
အလည္မေခၚဘူး သူမစိတ္က်ဥ္းျကပ္ မွာစိုးတယ္။
က်မလည္း သူမ်ားအိမ္မွာေန မ်က္နွာ ေအာက္ျကို့ရမဲ့ အျပုအမူမ်ိုး က်မသားကို မျကံုေတြ့ေစခ်င္ဘူ
ေမတၱာဆို အသြာ။အျပန္ရွိပါတယ္။
က်မ သူတို့အေပၚ အစစ္အမွန္ ေမတၱာထားရင္ က်မနွုတ္က ေျပာထြက္စရာမလိုပါဘူး။
က်မေခၽြးမ နားလည္မွာပါ။
သမီးကိုဆို စိတ္စိုးရင္ဆူပစ္လိုက္မယ္
သမီးငိုလိမ့္မယ္ ကြ်န္မေခ်ာ့နိုင္တယ္။
ေခ်ြးမကိုစိတ္စိုးရင္ ကြ်န္မ ဆူေတာင္မဆူခ်င္ဘူး။
ဆူမိရင္သူမအျပင္မငိုနိုင္ပဲ ရင္ထဲငိုလိမ့္
ကြ်န္မ မေခ်ာ့တတ္လို့ပါ ။
က်မသားလဲ မေခ်ာ့တတ္မွာစိုးတယ္။
ကြ်န္မအသက္ျကီးလာ လို႔ ကြ်န္မ အလုပ္မလုပ္နိုင္ ရင္ ေခြ်းမအေပါ သူကျပဳစုရမယ္ဆိုတဲ႕ တာဝန္မေပးပါဘူး ။
ကြ်န္မကိုယ္တိုင္မနိုင္ အလုပ္သမား ငွားခိုင္း
မယ္။ အဲဒီအတြက္လဲ က်မnurse ေတြ စံုစမ္းထားျပီးသားပါ။
အသက္ျကီးသူေတြရဲ့ လိုအပ္ခ်က္တိုင္းကို အသက္ငယ္တဳဲ႕ေခၽြးမက လိုက္မလုပ္နိုင္တဲ့အခါမလိုလားအပ္တဲ့ ျပသနာေတြ က်မသားေပၚ ေရာက္သြားနိုင္တယ္ေလ။
တကယ္ေတာ့
ကြ်န္မ သားရဲ့အေမ ျဖစ္လာဒါက ေနာက္မွပါ။
က်မ ေခ်ြးမျဖစ္ခဲ့ျပီးမွ ေယာကၡမျဖစ္လာရတာမို့ပါ။
ေခြ်းမ
ျဖစ္လာတဲ႔ ခံစားခ်က္ကို ထိုမိန္းခေလးထက္ အရင္
က်ြန္မ ပိုသိလို့ပါ
ကြ်န္မသား ထက္ ေခြ်းမက ကြ်န္မရဲ႕ငယ္ဘဝမို့ပါ။
ဒါမို႔ ကြ်န္မ ပိုနားလည္မႈ႕ထားမိမွာ တကယ္ပါ။
Credit:Jannat Ki Phool
Unicodeဖြင့်ဖတ်ရန်
ကျွန်မသာ ယောက္ခမ တယောက်ဖြစ်ခဲ့ရင်
သားရွေးချယ်တဲ့သူ ဘယ်မိန်းကလေးမဆို
ကျမ ချွေးမအဖြစ်လက်ခံမှာပါပဲ။
ဘာလို့လဲဆိုတော့
ကျမတို့ နှစ်ရှည်လများ ပြုစုပျိုးထောင်ခဲ့တဲ့သားက
ကျမတို့နဲ့ အဆင်မပြေနိုင်တဲ့သူ၊
သူ့အပေါ် အနစ်နာမခံနိုင်တဲ့သူကို
ချွေးမအဖြစ် ဘယ်တော့မှာ ခေါ်လာမှာ မဟုတ်ဘူးဆိုတာ
ယုံကြည်ထားလို့ပါ။
သားကို အိမ်ပေါမှာတင်မထားဘူး
သူတို့နှစ်ဦးတွက် သီးသန့်အိမ်ခွဲထားစေမယ်
အတူ နေထိုင် ကြိုးစားချင်ကြတာ မိန်းခလေးတိုင်းရဲ့မျော်လင့်ချက်ဆိုတာ သိပါတယ်။
ဒါမှလဲ အိမ်ထောင်တစ်ခုကို ဦးဆောင်နိုင်တဲ့ သားရဲ့ အရည်အချင်းတွေ ပိုမို ပေါ်လွင်လာမယ်လေ။
ကျွန်မသားကို ကျွန်မချက်ကြွေးနေကျ ဟင်းတွေ
ချက်ကြွေး ဒါတွေမလုပ်တော့ဘူ
သူဇနီးက သူ့ကို ချက်ကြွေးဒါကိုပဲ စားစေမယ်။
ဒါမှလဲ ချွေးမရဲ့ အရည်အချင်းတွေ သားပိုနားလည်လာလိမ့်မယ်။ နို့မို့ဆို ကျမတို့အရိပ်တွေ သားအပေါ်မှာ လွှမ်းမိုးပြီး သားတို့ မတိုးတက်မှာ စိုးရိမ်တယ်။
ကျွန်မသားကို ကျွန်မ ချစ်ခဲ့တဲ့ အချစ်တွေကို
ဝေခွဲပေးလိုက်မယ် သူ့ဇနီးဆီကိုပေါ့။
ကျမကတောဘာသာရေးအသိနဲ့ ကျန်ဘဝကို ငြိမ်းချမ်းစွာဖြတ်သန်းမယ်လေ။
ဒါမှ သားနဲ့ ချွေးမတို့ တချိန်မှာ မိဘနေရာရလာရင် ဘယ်လို နေထိုင်ရင်ဆိုင် ဖြတ်သန်းရမလဲဆိုတာ ပြန်သင်းပေးနိုင်မှာ။
ကျမတို့ မရှိတော့တဲ့ အချိန်မှာ ကျမသားကို သူ့မိသားစုကို အပြည့်အဝဦးဆောင်နိုင်သူ ဖြစ်စေချင်တယ်။
ကျွန်မချွေးမ ကိုလည်း ကျွန်မ အိမ် ခဏခဏ
အလည်မခေါ်ဘူး သူမစိတ်ကျဉ်းကြပ် မှာစိုးတယ်။
ကျမလည်း သူများအိမ်မှာနေ မျက်နှာ အောက်ကြို့ရမဲ့ အပြုအမူမျိုး ကျမသားကို မကြုံတွေ့စေချင်ဘူ
မေတ္တာဆို အသွာ။အပြန်ရှိပါတယ်။
ကျမ သူတို့အပေါ် အစစ်အမှန် မေတ္တာထားရင် ကျမနှုတ်က ပြောထွက်စရာမလိုပါဘူး။
ကျမချွေးမ နားလည်မှာပါ။
သမီးကိုဆို စိတ်စိုးရင်ဆူပစ်လိုက်မယ်
သမီးငိုလိမ့်မယ် ကျွန်မချော့နိုင်တယ်။
ချွေးမကိုစိတ်စိုးရင် ကျွန်မ ဆူတောင်မဆူချင်ဘူး။
ဆူမိရင်သူမအပြင်မငိုနိုင်ပဲ ရင်ထဲငိုလိမ့်
ကျွန်မ မချော့တတ်လို့ပါ ။
ကျမသားလဲ မချော့တတ်မှာစိုးတယ်။
ကျွန်မအသက်ကြီးလာ လို့ ကျွန်မ အလုပ်မလုပ်နိုင် ရင် ချွေးမအပေါ သူကပြုစုရမယ်ဆိုတဲ့ တာဝန်မပေးပါဘူး ။
ကျွန်မကိုယ်တိုင်မနိုင် အလုပ်သမား ငှားခိုင်း
မယ်။ အဲဒီအတွက်လဲ ကျမnurse တွေ စုံစမ်းထားပြီးသားပါ။
အသက်ကြီးသူတွေရဲ့ လိုအပ်ချက်တိုင်းကို အသက်ငယ်တုဲ့ချွေးမက လိုက်မလုပ်နိုင်တဲ့အခါမလိုလားအပ်တဲ့ ပြသနာတွေ ကျမသားပေါ် ရောက်သွားနိုင်တယ်လေ။
တကယ်တော့
ကျွန်မ သားရဲ့အမေ ဖြစ်လာဒါက နောက်မှပါ။
ကျမ ချွေးမဖြစ်ခဲ့ပြီးမှ ယောက္ခမဖြစ်လာရတာမို့ပါ။
ချွေးမ
ဖြစ်လာတဲ့ ခံစားချက်ကို ထိုမိန်းခလေးထက် အရင်
ကျွန်မ ပိုသိလို့ပါ
ကျွန်မသား ထက် ချွေးမက ကျွန်မရဲ့ငယ်ဘဝမို့ပါ။
ဒါမို့ ကျွန်မ ပိုနားလည်မှု့ထားမိမှာ တကယ်ပါ။
Credit:Jannat Ki Phool